ကချင်အထူးဒေသ (၁) အား ဖျက်သိမ်းကြောင်း KIO ထုတ်ပြန်

Spring Sprouts

Date: 2 days ago
City: Ang Mo Kio, North-East
Contract type: Full time

စစ်အာဏာရှင်အစိုးရ အဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် ကန်ပိုက်တီ (ကံပိုက်တည်) မြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နိုဝင်ဘာ ၂၀ ရက်တွင် သိမ်းယူပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ခြင်းဖြစ်ကြောင်း၊ လူထု၏ လူမှုစီးပွားဘဝ ဆုံးရှုံးထိခိုက်မှု မဖြစ်စေဘဲ လူသားချင်း စာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားတည်ဆောက်မည် ဖြစ်၍ အထူးဒေသ (၁) အုပ်ချုပ်မှုအောက်ရှိခဲ့သည့် ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြရန်လည်း ဖိတ်ခေါ်ထားသည်။

For employers only

Is this your company's job post? Verify ownership to manage this listing and receive applications directly.

Claim this listing

Looking to apply for this job? Use the Apply button above.